Android Error Request


Android OS စနစ်သုံးဖုန်းတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တတ်တဲ့ Error တွေကို ဖော်ပြ ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Android OS ဖုန်းတွေဟာအသုံးပြုတဲ့သူတွေကိုအများကြီးအထောက်အကူပေးနိုင်တဲ့အပြင်

အသုံးပြုသူ ကိုယ်တိုင်စိတ်ကြိုက်ပြုပြင်ဖန်တီးမှုတွေကိုပါ ဖုန်းထဲမှာ ပြုလုပ်နိုင်လောက်အောင်ထိ Firmware က

ပြည့်စုံတယ်လိုကျွမ်းကျင်သူတွေက ဆိုကြပါတယ်။အဲဒီလို အသုံးပြုနိုင်ခြင်းတွေ များပြားကောင်းမွန်တဲ့ Android

OS ဖုန်းတွေဟာတစ်ခါတစ်ရံမှာလည်း Firmware Error တွေနဲ့ဖုန်းရဲ့လုပ်ဆောင်ချက်တွေ ပိတ်ဆို့ရပ်တန့်သွား

တဲ့အဖြစ်အပျက်မျိုးတွေကလည်းရှိနေတတ်ပါတယ်။

ပထမဆုံးအနေနဲ့ Android OS ဖုန်းတွေမှာဖုန်းတွင်းစနစ်ပိုင်းတွေနဲ့ဆော့ဖ်ဝဲတွေကိုဖွင့်ပြီးသွားရင်ပဲဖြစ်ဖြစ်

၊ အသုံးပြုပြီးသွားရင်ပဲဖြစ်ဖြစ်ပြန်ပိတ်ပေးနိုင်တဲ့စနစ် မပါဝင်ခြင်းပါပဲ။ဆော့ဖ်ဝဲတစ်ခု စနစ်တစ်ခု ထဲကိုဝင်ခဲ့ပြီးပြီ

ဆိုရင်တော့ Back ခလုတ်နဲ့တင်ပြန်ထွက်လာလို့ရနိုင်ပါတယ်။ဒါကလည်း အားနည်းချက်တစ်ခုလို့တော့မဆိုသာ

ပါဘူး။ဘာကြောင့်လဲဆိုတော့အသုံးပြုတဲ့သူတွေအနေနဲ့ဖုန်းတွင်းစနစ်ပိုင်းတွေကိုအလွယ်တကူ ဝင်နိုင်ထွက်နိုင်

အောင်ပြုလုပ်ပေးထားတဲ့စနစ်တစ်ခုဖြစ်တဲ့အတွက်ပါ။

ဒီလိုမျိုးပြန်ပိတ်လို့မရနိုင်တဲ့အတွက်စနစ်တစ်ခုဆော့ဖ်ဝဲတစ်ခုကိုအသုံးပြုပြီးသွားပြီဆိုရင်ပြန်ပိတ်ပေးနိုင်ဖို့

လိုအပ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲဒီလိုအသုံးပြုခဲ့တဲ့ဆော့ဖ်ဝဲတွေဟာ Back ခလုတ်နဲ့ပြန်ထွက်သွားခဲ့

တယ်ဆိုပေမယ့်လုံးဝပိတ်သွားတာမျိုးမဟုတ်ဘဲဖုန်းထဲမှာနောက်ခံ Background ဆော့ဖ်ဝဲတစ်ခုအနေနဲ့အလုပ်

ဆက်လုပ်ပြီး ကျန်နေခဲ့ ပါတယ်။အဲဒီလို Background ဆော့ဖ်ဝဲတွေ Run နေတာ များလာပြီဆိုရင် ဖုန်းရဲ့လုပ်

ဆောင်ချက်တွေဟာလေးလံလာပြီးနှေးကွေးလာပါတယ်။ဒါ့အပြင်တစ်ခါတစ်ရံမှာဖုန်းတစ်ခုလုံးဟန်းနေပြီးဘာမှ

လုပ်လို့မရတော့တာမျိုးတွေရှိပါတယ်။ဒါရဲ့နောက်ထပ် Error တစ်ခုကတော့ ဘက်ထရီ ကြာကြာမခံတော့ခြင်းပါ ပဲ။

နောက်ခံဆော့ဖ်ဝဲတွေအလုပ်လုပ်နှုန်းများလာတဲ့အတွက်ဖုန်းရဲ့ဘက်ထရီကလည်းနာရီအနည်းငယ်နဲ့တင်

ကုန်သွားတတ်ပါတယ်။ဒါကလည်း Android အသုံးပြုသူတွေသတိပြုသင့်တဲ့အချက်တစ်ခုပါပဲ။ဖုန်းရဲ့ဘက်ထရီ

ကြာကြာမခံတော့ဘူး ၊ဖုန်းလုပ်ဆောင်ချက်တွေနှေးကွေးလာပြီ ၊ဖုန်းမကြာခဏဟန်းလာပြီဆိုရင် ဒါကိုသတိပြုရ

ပါ လိမ့်မယ်။ဒီလို နောက်ခံ Run နေတဲ့ ဆော့ဖ်ဝဲတွေကို ပိတ်ပစ်နိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုပြီး ပိတ်ရပါ

တယ်။ဒါကတော့ Advance Task Killer လို Task Killer ဆော့ဖ်ဝဲတွေကိုထည့်သွင်းထားသင့်ပါတယ်။



Download Task Killer Pro

http://www.mediafire.com/?9bb9y1froo3oc7n

Related Posts:

  • Uni android Tool ဒီတစ်ခါ service သမားတွေ ဆိုင်သမားတွေ အတွက် အသုံးဝင်မဲ့ tools တစ်ခုလေတွေ့ လာလို့   ၇ှယ်ပေးလိုက်ပါတယ် လွယ်လွယ်ကူကူနဲ့ FlashBoot Mode , Recovery Mode, Download Mode, Reset Gmail,Bypass Pattern Lock,Wipe Data,Root,U… Read More
  • Y535D C00 Y535D-C00 Root လုပ်ရန်အဆင်မပြေတဲ့သူတွေအတွက် Insecure Boot တခုလုပ်ပေးထားပါတယ်။ဒေါင်းလော့ချထားတဲ့ EXE ဖိုင်ကိုဖွင့်ပါ။ စက်ကိုပါဝါပိတ်ရက်အနေထားမှာ Vol+ and Vol- ကိုဖိထားပြီး Power ခလုပ်ကိုနှိပ်ပါ။ Huawei Logo တက်လာပီဆိုရင်… Read More
  • C8815 G730-U00 G730-T00 G730-C00 G610-T11 G700-U00 G6-U00 G6-C00 G6-T00 Official Boot & Official recovery C8815 http://d-h.st/RI5 G730-U00 http://d-h.st/vhr G730-T00 http://d-h.st/Iiu G730-C00 http://d-h.st/mm0 G610-T11 http://d-h.st/EH7 G700-U00 http://d-h.st/DBE G6-U00 http://d-h.st/9Lz G6-C00 http://d-h.st/Z7p … Read More
  • Speturm phone ကို factory Reset လုပ်မယ် ဒီနည်းလေးကတော့ နာမည်မရှိတဲ့ တရုတ် Brand တွေကို Speturm Phones တွေကို Firmware  ပြန်တင်တဲ့နည်းလေးပါဗျာ... Speturm Phone ဟုတ်မဟုတ်ကြည့်နည်းလေးပြောပါမယ်ဗျာ... အရင်ဆုံး ဖုန်းကို Battery ဖြုတ်လို… Read More
  • iOS7 အတွက် Zawgyi Font အဆန်းလေးတွေပါiOS 7 ကို Jailbreak မလုပ်ဘဲမြန်မာစာသွင်းနိုင်မယ့် ဇော်ဂျီဖောင့် အလန်းလေးတွေ ထွက်ရှိလာပါပြီ။  ဒီ font များကို iPhone/iPad/Pod touch တွေမှာသွင်းပုံသွင်းနည်းကတော့ 1. iDevices ရဲ့ Safari Browser ကနေအခုပေးထားတဲ့ Link ကိုဝင… Read More

0 comments:

Post a Comment