Safe mode Error


Screenshot_2013-08-29-14-07-58.jpg



 ကျွန်တော် Safe mode ပြဿနာလေး အကြောင်းပြေားပြချင်ပါတယ် ဒါကတော့ သိပ်တော့အထူးအဆန်းကြီး မဟုတ်ပေမယ့် မသိသေးတဲ့ သူငယ်ချင်းများအတွက်ပါ အခုတလော Y511-U00 ဖုန်းတွေဟာ ဈေးအရမ်းချိုးပြီးတော့ လူအသုံးပြုများနေပါတယ် ဒါပေမယ့် တော်တော်လေး ကြောင်ကြောင်ပါတယ် Restart မချတတ်ရင် စမ်းမလုပ်ကြပါနဲ့ တိုင်ပတ်မယ်
ဖုန်းအမျိုးစားတွေပါ ဈေးနုန်းက 80000 ကျပ်ပဲရှိပါတယ် ကျွန်တော်ဆီကို အဲ့ဒီဖုန်းတွေအများလာပြီ တော်တော်ဒုက္ခပေးပါတယ် အသုံးပြုနေတဲ့ သူငယ်ချင်းများ သိစေချင်လို့ပါ Safe mode ကိုဝင်ချင်ရင်တော့ Power ပိတ်တဲ့အခါ Power မခလုပ်လေးကို ကြာကြာလေးဖိထားပါ Power Off ဆိုတာလေးပေါ်လာရင်တော့ အဲ့ဒါလေးကို ကြာကြာလေဖိထားလိုက်ပါ ပိတ်ချင်ရင်တော့ Shut down လို့ပြပါတယ် Safe mode ဝင်ချင်ရင်တော့ Reboot to safe mode လိလို့ပေါ်ပါတယ် ပေါ်နေလို့ ဖျောက်ချင်တာပဲ ဖြစ်ဖြစ်ပေါ့ဗျာ Phone မှာ software/Game တွေအထည့်များပြီး Force Close တွေပေါ်၊ Uninstall လုပ်ဖို့ကလဲ ဖုန်းက ကောင်းကောင်း အလုပ်မလုပ်၊ ဟိုဟာနှိပ်လဲမရ ဒီဟာနှိပ်လဲမရတဲ့သူတွေ အတွက်။ Safe Mode ထဲဝင်ပြီး Uninstall လုပ်ကြည့်ပါ။ Safe Mode ထဲမှာ System အတွက် လိုအပ်တာတွေပဲ အလုပ် လုပ်ပါတယ်။ ထပ်ပြီးထည့်ထားတဲ့ software/Game တွေကအလုပ် မလုပ်တော့ပါဘူး။ App Drawer ထဲမှာလဲ မတွေ့ ရတော့ပါဘူး။ Setting ထဲဝင်ပြီး Uninstall လုပ်ကြည့်ပါ။ ကွန်ပျူတာက Windows Safe Mode နဲ့ သဘော သဘာဝ တူပါတယ်။ ဒီ error က Vol – ကြောင့်ဖြစ်တာပါ …..နောက်ဆုံး ဖန်းဝဲ ပြန်တင်တာတောင် Safe Mode နဲ့ ပဲ ပြန်တက်လာပါတယ် ….အဲဒါနဲ့ ဟိုမေးဒီမေးဟိုကြည့်ဒီကြည့် နဲ့ပဲ Safe Mode ပျောက်သွားတာပါ
pw & vol – တွဲနှိပ်ရင် new ..safemode old…risk ဆိုပေါ်လာတာကိုတွေ့ရမှာပါ
ဆိုတော့ ၁ ဘတ်ထွီဖြုတ်လိုက်ပါ
၂ ပြန်တပ်ပြီးပါဝါဖွင့် W 3G ဆိုပေါ်လာခဲ့ရင် vol – လေးဖိထားလိုက်ပါ …..နောက်ဆုံးlock screen ရောက်သွားခဲ့ရင် safe mode ပျောက်သွားတာကိုတွေ့ရမှာပါ  Safe Mode ကနေ

ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့ 

ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ်ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊

Battery ကြာရှည်စွာအသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင်ပါတယ်။

Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ

ပြဿနာတွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို

Uninstall လုပ်နိုင်ပါတယ်
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။

Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Install

လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို

ပဲအသုံးပြုကြည့်ပါ။ ပြဿနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင်

Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။

Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး

Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ

ကသွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ

ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။

ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Apps

တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့ 

ရှာဖွေပါ။သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား

အကြောင်းအရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore

လုပ်သင့်ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup

လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကိုသွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။                                                                    

Related Posts:

  • Nokiaဖုန်းများအတွက်​ အ ​ကောင်းဆုံးRecovery Tool in Computer software, Recovery Tool မင်္ဂလာပါ။ဒါ ​လေးက ​တော့Nokia ကိုင်​ ​ဆောင်​ ထားသူများနှင့်​ Serviceသမားများတွက်​ Nokia ကထုတ်​လိုက်​တဲ့ Nokia Recovery Toolဖြစ်​ပါတယ်​။ ​အောက်​မှာ​ဒေါင်းနိုင်​ ပါတယ်​။ Download www.mmitdeveloper.org … Read More
  • G730-C00 Myanmar Font error G730-C00 B155- B157 နောက်ပိုင်းမြန်မာစာထည့်ရန်မလိုတော့ပါ...။ Padauk ရော Zawgyi ရော ပါလာပါသည်။ အကယ်၍ ရောင်ရမ်းပြီးထည့်မိပါက logo တွင်ရပ်သွားမည်ဖြစ်မည်.. သတိပေးခြင်းသာဖြစ်ပါသည်...................။ … Read More
  • Mobile ODIN v4 20 (For Android) Mobile Odin Pro ကိုအသုံးပြုပြီး မိမိဖုန်းမှာ Official Firmware တင်မယ် CWM Recovery သွင်းမယ်။ သူ့ကိုအသုံးပြုပြီးFirmware တင်ခြင်းအားဖြင့် မိမိဖုန်းဟာRoot ကိုအလွယ်တကူလေးရရှိမှာဖြစ်ပါတယ်။ ဒီတစ်ခါတော့Mobile Odinဆိုတဲ့ Applic… Read More
  • Battery Booster (Full) 7.2.1 for android(latest version) Battery Booster Full အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်မေလ(7)၊2014 ရက်နေ့မှာ ထွက်ရှိလာတာလေးကို ပြန်တင်ပေးလိုက်ပါတယ်.. Android  ဖုန်းကိုင်ဆောင်သူတိုင်း ဘက်ထရီ အားအကုန်လွယ်တဲ့ ပြသာနာ ဖြစ်ဖူးကြမှာပါ ..ဘာကြောင့်ဖြစ်ရသလဲဆိုတော… Read More
  • C8813D Network Fixer (Android For Huawei User) Huawei C8813D ကိုင်ဆောင်းသူများအတွက် Sim Card Error! IMEI Error! MEID Error! PESN Error! Invaild Sim Error! များအပြင် Error တော်တော်များကိုဖြေရှင်းပေးမဲ့ C8813D Network Fixer လေးထွက်ရှီလို့လာပါပြီ … Sharing – Thaw Tar… Read More

1 comments:

  1. ​ကျေးဇူးတင်​ပါတယ်​ ဆရာ

    ReplyDelete