ဆုတောင်း(Wish) v1.4 for Android





Ref - MMAS
“ဆုတောင်း” ဆိုတဲ့ Android app လေးတစ်ခုထွက်ရှိလာပါတယ်။ ဒါက ဘာ application လေးလဲလို့ သင်တို့စူးစမ်းမိပါလိမ့်မယ်။
-ကျွန်တော်တို့ရင်ထဲမှာမွန်းကျပ်နေတာတွေရှိသလား။
-ဘယ်သူ့ကိုမှပြောလို့မရတဲ့အရာတွေရှိသလား။
-စိတ်ထဲမှာဖြစ်ချင်နေတာ၊ တောင့်တမိနေတာတွေရှိသလား။
-စိတ်ကူးတိုင်းသာဖြစ်မယ်ဆိုရင် ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေရှိလား။
-တစ်စုံတစ်ယောက်အတွက် တိတ်တိတ် လေး ဆုတောင်းပေးနေချင်တာမျိုးရှိလား။

-ဆုတောင်းချင်တဲ့စိတ်မပေါ်မိဘူးလား…
-ပုလင်းလေးတစ်လုံးထဲ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ရေးပြီး ပင်လယ်ထဲမျှောဖူးသလား။
-ပုလင်းလေးလည်းမလိုပါဘူး။
-စာရွက်လေးလည်းမလိုပါဘူး..

မိတ်ဆွေတင်လိုက်တဲ့ စာလေးတစ်ကြောင်းဟာ.. ကောင်းကင်ထဲမှာမျောနေမယ်။ Application သုံးနေတဲ့ဘယ်သူမဆိုမြင်နိုင်မယ်။
အားလုံးမြင်ရမယ်။ ဒါပေမယ့် ကိုယ်တင်လိုက်တဲ့ဆုတောင်းစာကို ဘယ်သူတင်လဲဆိုတာတော့မြင်ရမှာမဟုတ်ဘူး။
ဒါကြောင့်သင့်ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဆုတောင်းခွင့်ရှိတယ်လို့ဆိုပါတယ်။

ယုံကြည်ပြီးဆုတောင်းရင်…. တစ်နေ့နေ့မှာ…မိတ်ဆွေတို့ဆန္ဒပြည့်ပါ့လိမ့်မယ်။
(ဒါပေမယ့်ချွင်းချက်အနေနဲ့ အများအမြင်မှာမသင့်တော်သော ဆုတောင်းများ၊နှောင့်ယှက်စာများကိုတော့
တားဆီးဖယ်ရှားပါမယ်လို့ Developer “Ko Nyein Chan KoKo” ကရေးသားထားပါတယ်။)

ဆုတောင်း(Wish) v1.4 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။


ဆုတောင်း(Wish) v1.4 for Android အားရယူရန်

0 comments:

Post a Comment