ANDROID ဖုန်းတွေမှာ MEMORY အလိုအလျောက်ပြည့်လာတာကို

4.0 နဲ့ အထက်ဖုန်းတွေကိုင်တဲ့သူတိုင်း
 
ကြုံရမဲ့အဖြစ်ကလေးနဲ့ ဖြေရှင်းရမဲ့နည်းလမ်းလေးတွေ ပြောပြချင်ပါတယ် ။
 
2.3 တွေတော့မမှတ်မိတော့ဘူးဗျ ခွင့်လွှတ်ပေးပါ
 
အဲဒါကတော့ sd ကဒ်ထဲမှာ ကိုယ်က data တွေကို 2 Gb လောက်ပဲထည့်ထားပေမယ့် 4 Gb sdကဒ်
 
တစ်ခုလုံးပြည့်လုနီးပါးဖြစ်နေတာ ပြောရရင် dcim folder ထဲက .thumbnail folder
 
ဖိုင်ဆိုဒ်တအားကြီးလာတာကိုပြောတာပါ
 
အများအားဖြင့်တော့ photo, video တွေအထည့်မျာ gallery အကြည့်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်
 
ကျွန်တော်ဆိုရင် 16 Gb sd ကဒ်ကိုသုံးပါတယ် သူငယ်ချင်းတွေကို စဖို့နောက်ဖို့ photo coment တွေက
 
ပုံပေါင်း 1000 ကျော်လောက် ဒေါင်းထားတဲ့ video တွေက 300 လောက်ဆိုတော့ data တွေက စုစုပေါင်း 6
Gb လောက်သုံးထားတယ် ခင်ဗျ ဖုန်းကိုသုံးပြီးလို့ နာရီပိုင်းလောက် ကြာလို့ storage
 
ကိုကြည့်လိုက်ရင် ပြည့်လုလုဖြစ်ပြီး အပိုက 8Gb လောက်ဖြစ်သွားတယ် အဲဒါနဲ့ thumb တွေကိုရှာဖျက်
 
ပြီးပြန်တက်နဲ့ သံသရာလည်နေတော့ မဖြစ်တော့ဘူးဆိုပြီး android forum တွေလိုက်မွှေတော့
 
ကိုယ်လိုလူတွေအများကြီးတွေ့တယ်ဗျ နည်းလမ်းကလည်းအစုံဗျ သူငယ်ချင်းတစ်ယောက်က nomedia
 
folder ဆောက်ဆိုလို့စမ်းကြည့်တယ် မရဘူး တစ်ယောက်က nomedia က folder မလုပ်ရဘူး file
 
အသစ်တောင်းပြီး name ပြောင်းပေးရမှာဆိုလို့ လုပ်ကြည့်လဲ မရ ပြန်ပြီး တက်တာပဲ နောက်ဆုံးတော့
 
အဆင်ပြေတဲ့နည်းလေးတွေ့တယ်ဗျ အဲ့ဒါကတော့ root explorer နောက်ဆုံး
 
ဘားရှင်းလေးကိုသုံးပြီး ဖြေရှင်းတဲ့နည်းပါ ပထမဆုံး setting > manange app> all tab ကိုသွားပြီး
 
gallery နဲ့ media storage app နှစ်ခု ကို clear data နဲ့ force stop လုပ်ပေးပြီး ဖုန်းကို reboot
 
ချပါ ပြန်တက်လာရင် rootexplorer apk ကနေ sd card > dcim> .thumbnail folder ထဲဝင်ပါ အဲ့ထဲမှာ
 
ဖိုင်ဆိုဒ်ကြီးတဲ့ thumbnail တစ်ဖိုင်ဒါမှမဟုတ် နှစ်ဖိုင် (အများအားဖြင့် .thumbdata3-19672902099) နဲ့
 
ပုံလေးတွေတွေ့ပါလိမ့်မယ် အဲဒီ thumb ဖိုင်လေးရဲ့ name ကို သေသေချာချာ ကြည့်ပြီး
 
စာရွက်ပေါ်မှာကူးရေးထားပါ ဒါမှမဟုတ် ဖိထားပြီး rename နှိပ်လိုက်ပြီး name ကို copy ယူထားပါ ပြီးရင်
 
ဖိုဒါထဲမှာ ရှိတဲ့ ဖိုင်တွေအကုန်ဖျက်ပါ ဖျက်ပြီးမှ rootexplorer ရဲ့အောက်ခြေက အပေါင်းသင်္ကေတလေး
 
ကိုနှိပ်ပြီး file ကိုရွေးပါ ခုနက မှတ်ခဲ့တဲ့ name ကိုပေးပါ အဲဒါဆို ကိုယ့်ဟာကိုယ် တည်ဆောက်ထားတဲ့
 
thumb ဖိုင်လေးနဲ့ အစားထိုးပြီးဖြစ်ပါတယ် ပြီးရင် ဖုန်းကို reboot ချ လိုက်ပါ gallery ထဲဝင်ကြည့်ပါ
 
ပုံတွေကိုစစ်ကြည့်ပါ မပေါ်သေးရင်စောင့်ရပါမယ် တခါတလေ တော်တော်ကြာတတ်တယ် data
   
အနည်းအများပေါ်မူတည်ပါတယ် storage ကိုလည်းစစ်ထားပါ ပြီးရင်ဖုန်းကိုပုံမှန်သုံးလို့ရပါပြီ
 
အဓိပ္ပါယ်ကတော့ သူ့ဟာသူ တက်တဲ့ thumb ဖိုင်နေရာမှာ ကိုယ်တိုင်တည်ဆောက်တဲ့ thumb
 
ဖိုင်ကိုအစားထိုးလိုက်တာပါ အဲဒါကတော့ android forum ရှာပြီးကျွန်တော်
 
သုံးလို့အဆင်ပြေတဲ့နည်းလေးကိုဝေမျှလိုက်တာပါ အဆင်မပြေသူများရှိရင် စိတ်မကောင်းပါဘူး
 
ROOT EXPLORER  နောက်ဆုံးဘားရှင်းမရှိသေးရင်ဒီအောက်မှာဝင် ဒါင်းပါ
Credit > Ko Pann

Download > http://miloshare.com/055xq74j8gam


Related Posts:

  • Thor The Dark World Live Wallpaper (Premium) v1.09 APK Live Wallpaper အမိုက်စားလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ The Dark World ဆိုတဲ့ ဇတ်လမ်းကိုတော့ သိကြမယ်ထင်ပါတယ်။ အဲဒီ ဇတ်လမ်းထဲက မင်းသားနဲ့အမိုက်စား ဇတ်ဝင်ခန်းတွေကို Live Wallpaper တစ် ခုအနေနဲ့ဖန်တီးထားတာဖြစ်ပါတယ်ဗျာ။ An… Read More
  • Facebook v.10.0.0.0.6 (For Android) 18.4.2014 ရက်နေ့တွင် update version ထပ်မံ အသစ်ထွက်ရှီလာပြန်ပါတယ် … Video download, Photo Comm တွေအဆင်ပြေတဲ့အပြင် New Features တွေအနေနဲ့ ဓာတ်ပုံများကို မြောက်များစွာ upload တင်နိုင်ခြင်းနှင့် Group တွေ မှာ Admin Featur… Read More
  • Gtalk လိုလည်းချက်မယ်၊ Root လုပ်ရန်မလိုတဲ့ Myanmar Talk Revolution 1.3.0 APK ကျွန်တော်လည်း ပိုစ့်မရေးတာကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ပေါ့လျော့နေတာပါ။ ကျွန်တော်အခု မြန်မာဖောင့်အတွက် Root လုပ်ရမှာ ရင်လေးသူများအတွက်  Myanmar Talk Revolution 1.3.0 APK မတ် ၃၀ရက်နေ့ထွက်ရပါပြီ။ သူက Facebo… Read More
  • Real Madrid v.3.0.02 (For Android) (Official) Real Madrid ပရိတ်သတ် များအတွက် Real Madrid APK လေးမျှဝေလိုက်ပါတယ် ခဗျာ … Premier League, Champions League, FA Cup, League Cup တို့ရဲ့ Latest News ကြည့်လို့ရတယ်၊ Player တွေရဲ့ Interview တွေကြည့်လို့ရတယ်၊ Real … Read More
  • Feature အသစ်များနဲ့ - Camera-360 v5.0 Ultimate Update Camera 360 ကတော့ နာမည်ကြီးဘဲဗျာ လူတိုင်းသိကြမှာပါ ။ အခုခေတ်မိန်းကလေးတွေအသုံးအများဆုံး Application လို့ပြောလည်းမမှားပါဘူး။ မနေ့ကမှ Version အသစ်ထွက်လာတာပါ။ သူ့ရဲ့ အစွမ်းကလည်း အံ့မခန်းကောင်းနေတာကိုးးးးး။ ရုပ်ဆိုးတဲ့သူ … Read More

0 comments:

Post a Comment