• Linn Latt Mobile

  • spylay service

    Customer is First

  • Myanmar Hacking News

    We R Myanmar

Showing posts with label Computer နည်းပညာ. Show all posts
Showing posts with label Computer နည်းပညာ. Show all posts

Ooredoo internet package များ



 Package 1. 30MB အတွက်တစ်ရက်လျှင် 500 ကျပ်
Package 2. 200MB အတွက်တစ်ပါတ်စာလျှင် 3000 ကျပ်
Package 3. 1GB အတွက် တစ်လစာလျှင် 12000 ကျပ်
မိမိသုံးလိုသော Package များအလိုက် 2238 သို့ 30MB, 200MB, 1 GB ဟု Message ပို့ သော်လည်းကောင်း *133 # သို့ ဖုန်းခေါ်ဆိုသော်လည်းကောင်းအသုံးပြုနိုင်ပါသည်။
ကျသင့်ငွေကို ဖုန်းထဲမှ နှုတ်ယူသွားမည် ဖြစ်ပါသဖြင့် ဖုန်းတွင်လုံလောက်သောငွေရှိ ရန်လိုအပ်ပါသည်။
Ooredoo မှ အထူးအစီစဉ် အဖြစ် Samsung မှ Galaxy V ဟူသော Handset တစ်မျိုးကို 97500 ကျပ်ဖြင့် ၀ယ်ယူပြီး ၀ယ်ယူသူတိုင်းအတွက် ဖုန်းအခမဲ့ minutes 300, Message အခမဲ့ အစောင်ရေ 300 နှင့် တစ်လလျှင် internet 100 MB အခမဲ့သုံးစွဲနိုင်ပါသည် ။

Huawei နှင့် China Table တွေကို Firmware ဖိုင်ပြန်ထုတ်နည်း For MT6582

အရင်ဆုံးမလုပ်ခင် Root ဖုန်းက Root acc ရှိရပါမည်
လိုအပ်တဲ့ Tool ဒေါင်းပါ 
ကဲ အခု နောက်ပိုင်း
MT6582 အဲ့တာက သူသုံးထားတဲ့ CPU ကိုပြောတာပါ
အခု အသုံးများတဲ့ Huawei – China Table တွေကို
Firmware ဖိုင်ပြန်ထုတ်တာပေါ့
သူကို အသုံးပြုဖို့က လွယ်တယ်
China Table တွေ Firmware ရှာရတာခက်တာ ဖြစ်ဖြစ်ပေါ့ နောက်တစ်လုံး
ယူပြီး ထုတ်လို့ရတယ်
အောက်က အတိုင်းကြည့်ပေးနော် 
အရင်ဆုံး usb ထိုးပါ Root ဆိုတာကို နှိပ်ပါ
Yes နှိပ်ပါ
1

root, backup. recovery ဆိုတာကို နှိပ်ပါ

2
အပေါ်ဆုံးက Backup ဆိုတာကို နှိပ်ပါ
3

Yes စတင်ကူးနေပါပြီ
4

အခု လို ပေါ်လာပြီဆိုရင် Yes လုပ်လည်း ရပါတယ် မလုပ်လည်းရပါတယ် သူက ဖုန်းတစ်ခုလုံးရဲ့ Rom
ကို .zip နဲ အပ်လိုက်တာပါ
5
6

ပြီးရင်တော့ To prepare blocks for FlashTool ဆိုတာကို နှိပ်ပါ
7

box တစ်ခု ကျလာပါလိမ့်မယ် File.md5 ဆိုတာကို နှိပ်ပါ
8
9
ကယ် Firmware backup ပြီးဆုံးပါပြီ
ယူလိုက်တဲ့ Firmware backup ဖိုင်က MtkDroidTools v2.5.3 ထဲက backups ထဲမှာပါ

Credit By http://www.myanmarxda.com

Wechat ကို ဖုန်းနံပက်နဲ လျှောက်မယ်

ခုကျွန်တော်တင်ပေးမှာတော့ Wechat ကို ဖုန်းနံပက်နဲ လျှောက်တဲ့ ဟာလေးပါ Facebook လဲ လျှောက်လို့ ရပါတယ်။ဒါပေမဲ့ ဖုန်းနံပက်နဲ လျှောက်တာ ပိုမြန်လို့ပါ ကဲစလိုက်ကြရအောင်ဗျာ။

                                                    Wechar apk ဒေါင်းပါ

Sign Up ကိုနိပ်ပါ

ကိုယ့်ဖုန်းနံပက်ကို ထည့်ပြီး Next ကိုနိပ်ပါ

ဒီလိုပုံစံလေကိုတွေ့ ရင် ခနစောင့်ပါ အတန်လေးပြည့်တဲ့ထိပေါ့

Code နံပက်တောင်းတဲ့ နေရရောက်ရင် No Code ကို နိပ်ပါ

Phone Call ကိုနိပ်ပါ


သိပ်မကြာပါဘူး ဖုန်း ၀င်လာရင် ကိုင်လိုက်ပါ သူက Code Number 4 လုံးကို နှစ်ခေါက် ပြောပါလိမ့်မယ်

စောစောက ပြောထားတဲ့ Code Number 4 လုံးကိုရိုက်ပြီး Next ကိုနိပ်ပါ

ဒါဆိုရင်တော့ သင့် ၇ဲ့ Wechat account ရသွားပါပြီး Enter လေးနိပ်ပြီး ၀င်လိုက်ပါ...
ဆက်လက်ကြိုးစာပါအုံးမည် သိပြီးသားကိုကို မမ များလဲ ကျော်သွားပါ.........

                                        



Memory stick ပြုပြင်​နည်း

image
-ဒီတစ်ခါတော့လူသုံးလည်းများ အပျက်လည်းများတဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက်ပါတယ်
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်-
-သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format
ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်-
-No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ-
-ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။စာဖတ်သူရဲ့Stickအပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်-
★Download Bootice (100KB)★
★Download TestDisk (1.44MB)★

Credit ; ကိုဇော်လွင်နည်းပညာ

Facebook မှာ လော့ကျတဲ့ အကောင့် မှန်သမျှ အကုန်ပြန်ယူမယ် Pdf ဖိုင်လေးပါ

Facebook အကောင့် မှန်သမျှ အကုန်ပြန်ယူမယ် ကဲ့ ကိုကို မမ များ စမ်းကြည်ကြပါအုံး.......

                                                    <<<Pdf ဖိုင်ဒေါင်းပါ>>>

Wondershare MobileGo for Android v5.0.0.276

ဒီ Tools လေးကို လူတိုင်းလဲသိကြမှာပါ။ နောက်ဆုံး Update လေးမို့တင်ပေးလိုက်ပါတယ်.....

မသိသေးတဲ့သူတွေအတွက်ကိုတော့ အောက်မှာ ရှင်းပြပေးထားပါတယ်။

ဒီ Tools လေးကတော့ မိမိရဲ့ Android တွေ အားလုံးရဲ့ PC Suite တစ်ခုလိုမျိုးပါပဲ။
အထဲမှာရှိတဲ့ Data တွေကို Backup ယူလို့ရတယ်၊ ကွန်ပြူတာကနေ APK (Android Application File)
တွေကို ဖုန်းထဲထည့်ပြီး မှတစ်ဆင့် ပြန်ပြီး Install လုပ်စရာမလိုပါဘူး။ ကွန်ပြူတာကနေပဲ One Click လုပ်ရုံပါပဲ။ File Manager တစ်ခုအဖြစ်လဲအသုံးပြုလို့ရပါတယ်။ ကဲကျန်တဲ့ Features တွေကိုတော့ Download ဆွဲပြီးတော့မှပဲ ကလိကြည့်လိုက်တော့နော်။

DOWLOAD Link 1 >>> http://d-h.st/pXH
DOWNLOAD Link 2 >>> http://d-h.st/QBc
Credit - Super Ko Kyaw

boot.img ဖြည်ထုတ်ခြင်း, insecure boot and superboot ဆောက်နည်း

ကျွန်တော်တို့ boot.img ကိုပြင်ဖို့အတွက် ပထမဆုံး working folder တစ်ခု ဆောက်ရပါ့မယ်။
working folder ဆောက်ဖို့အတွက် C:\cygwin\kichen ကိုဖွင့်လိုက်ပါ။ ပြီးလျှင် right-click နှိပ်ပြီး
new folder တစ်ခုဆောက်ပါ။ rename ကို WORKING_xxxxxxx (xxxx နေရာမှာ ကြိုက်ရာထည့်ပါ။
name တစ်ဆက်တည်းဖြစ်ရမည် space မခြားရပါ) ဆိုပြီး rename ပေးလိုက်ပါ။


ပြီးလျှင် ကျွန်တော်တို့ ပြင်ချင်တဲ့ boot.img ကို working folder ထဲမှာ သွားထားပေးပါ။


ပြီးလျှင် cygwin ကို ဖွင့်ကာ အောက်ကအတိုင်း အဆင့်ဆင့်ရိုက်ပါ။
cd C:\cygwin
cd kitchen
./menu


enter 0


enter 12


enter w

ပြီးလျှင် ကျွန်တော်တို့ kitchen ထဲမှာ BOOT-EXTRACTED ဆိုတဲ့ folder လေးတစ်ခု ရောက်လာပါလိမ့်မယ်။

ပြင်စရာရှိတာ ပြင်ပြီး ပြန်ပေါင်းချင်ရင်တော့ b ကို နှိပ်ပြီး ပြန်ပေါင်းနိုင်ပါပြီး။


insecure boot.img ဆောက်နည်း
ခုနကဖြည်လို့ရလာတဲ့ BOOT-EXTRACTED folder ထဲက boot.img-ramdisk ဆိုတာကို ဆက်ဖွင့်ပါ။


အဲ့အထဲကမှ default.prop ကို right-click ထောက်ပြီး note pad ++ နဲ့ ဖွင့်လိုက်ပါ။
အဲ့ထဲက ro.secure=1 ကို 0 ပြောင်းပြီး save မှတ်လိုက်ပါ။ ပြီးလျှင် cygwin ကနေ b နှိပ်ပြီး ပြန်ပေါင်းနိုင်ပါပြီ။


superboot.img ဆောက်နည်း
ပထမဆုံး superboot ဆောက်ဖို့အတွက် ကိုယ့်ဖုန်းရဲ့  system block ကိုတော့ သိဖို့ လိုပါတယ် system block စစ်နည်းကို
ဟိုးအရင် post တွေတုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်။ superboot ဆောက်ဖို့အတွက် ခုနက boot.img-ramdisk folder ထဲကို
superboot folder လေးထည့်ပေးရပါမယ်။ superboot folder ကို ဒီမှာ download ရယူပါ။

You need to reply to see hidden content


ဒေါင်းလို့ရလာတဲ့ superboot folder ကို boot.img-ramdisk လေးထဲထည့်လိုက်ပါ။

ပြီးရင် superboot folder လေးကိုဖွင့်လိုက်ပါ။ အထဲမှာ su file ရယ်
superuser.apk ရယ် ပြီးတော့ superboot.sh ဖိုင်ရယ် သုံးခုပါပါတယ် ။ superboot.sh ကို Notepad ++ နဲ့ဖွင့်လိုက်ပါ။


အပေါ်ဆုံးကအကြောင်းမှာ system
block ကို read write လုပ်ဖို့အတွက် comment ထည့်ပေးရမှာဖြစ်ပါတယ်။


ဥပမာ U9200 ဆိုရင် mount -o, remount rw /dev/block/xxxx/xxxx/
by-name/system /system ဆိုပြီးရိုက်ထည့်ပေးရမှာပါ။ ဒါအကြမ်းဖျင်းပေါ့နော် အခု ပေးထားတဲ့ comment နဲ့ system ကို rw ပေးမရဘူးဆိုရင် ….
အဲ့နေရာမှ ပြင်ပြီးပြီဆိုရင် save မှတ်ပြီး အပြင်ကို ပြန်ထွက်လိုက်ပါ။ ခုနက default.prop အောက်မှာ init.rc ဆိုတာလေးရှိပါတယ် notepad ++ နဲ့ပဲဖွင့်လိုက်ပါဦး။


ပြီးရင် ctrl+F နှိပ်ပြီး search box ဖွင့်လိုက်ပါ။ search box မှာ ဒီစာသားလေးရိုက်ထည့်လိုက်ပါ။
“## Daemon processes to be run by init.” ဆိုတာလေးပါ ပြီးရင် find next နှိပ်လိုက်ပါ။


တွေ့ပြီဆိုရင် ## နှစ်ခုအောက်မှာ ဒီစာသားလေးတွေ copy ကူးထည့်ပြီး save လုပ်လိုက်ပါ။
After the second ##
Insert the four folowing lines
service superboot /system/bin/sh /superboot/superboot.sh
user root
group root
oneshot


ပြီးရင် cygwin ကနေ BOOT-EXTRACT folder ကို b နှိပ်ပြီး ပြန်ပေါင်းနိုင်ပါပြီ။ ရပါတဲ့ superboot ကို fastboot ကနေ သွင်းလိုက်ပါ။
root ပါတစ်ခါတည်း တန်းပေါက်ပါတယ်။ အလားတူ superboot ထဲမှာ root တင်မကဘူး မြန်မာစာ font ၊ frozen keyboard တို့ပါ တစ်ပါတည်း သွင်းယူနိုင်ပါသည်။
Credit - MMAS

BT 5r3 မှာ wifi icon လေးပေါ်အောင် လုပ်နည်း..

ကျနော် ခေါင်းစဉ်ကို ဘယ်လို နာမည်ပေးရမှန်း မသိလို့ အဆင်ပြေသလို ပေးလိုက်တာပါ.. အခု ဒီဟာက bt 5r3 64bit gnome အတွက်ပါ.. ကျနော် အရင်က တင်ထားတဲ့ 32 bit ကို ဖြုတ်ပီး အခု 64bit တင်ထားတော့ 64bit လို့ ပြောလိုက်တာပါ.. 32bit တုန်းက အဲဒါကို ကျနော် မလုပ်ဖူးဘူး.. ကျနော်တွေ့တဲ့ ဟာမှာတော့ 64 bit/ 32 bit လို့ ရေးမထားပါဘူး.. for Bt 5r3 လို့ပဲ ရေးထားတော့ 32bit အတွက်လည်း အဆင်ပြေမယ် ထင်ပါတယ်..

ကျနော်တို့ backtrack ကို သုံး ubuntu မှာလို ဝိုင်ဖိုင် ကို အပေါ်ဘက်မှာ မပေါ်တာကို တွေ့ ၇မှာပါ..

wicd network manager ရှိပေမယ့်လည်း .. အင်တာနက်ဖွင့်ချင်ရင် အဲဒီဟာကို သွားသွားဖွင့်နေရတာ မကြိုက်လှပါဘူး..



အခုကျနော် အောက်မှာ ဘယ်လိုလဲ ဆိုတာ ပုံ တင်ထားပေးပါတယ်.. အခု ဒီပိုစ့်က မှာက ဘာမှ မထူးခြားပေးမယ့် . အဲလို လုပ်ချင်တဲ့ လူတွေ ရှိရင် လုပ်နိုင်အောင်လို့ ပါ...

အခု အောက်မှာ ပေးထားတဲ့ command တွေကို တစ်ကြောင်းပီး တစ်ကြောင်း run လိုက်ပါ..

# apt-get install network-manager-gnome
# cp /etc/network/interfaces{,.backup}
  # echo "auto lo" > /etc/network/interfaces
  # echo "iface lo inet loopback" >> /etc/network/interfaces
  # service network-manager start
  # nm-applet &

အောက်ဆုံး က nm-applet & ကို run ရင် နည်းနည်း ကြာချင်ကြာပါလိမ့်မယ်.. ပီးအောင် စောင့်ပါ..

အားလုံးးပဲ အဆင်ပြေပါစေ.. ခင်ဗျာ..
Credit by http://mmkien.blogspot.com


How to Install VLC player on backtrack 5r3

ကျနော်တို့ backtrack မှာ vlc player ကို ထည့်ကြည့်ပါ.မယ်..
ဘာမှတော့ မခက်ပါဘူး .. မသိသေးသူများလည်း လိုက်ရှာနေစရာ မလိုတော့ပါဘူးးပေါ့ဗျာ..
စလုပ်ကြည့်ရအောင် ... အရင်ဆုံး vlc player ကိုအောက်က command နဲ့ install လုပ်ပါမယ်..

apt-get install vlc

y/n? လို့ မေးရင် Y ကို သာ နှိပ်ပေးလိုက်ပါ.. နောက် command ကတော့

hexedit /usr/bin/vlc

လို့ ရိုက်လိုက်ပါ.. ပီးရင် geteuid ...libc (or) et.geteuid...licc ..s ဆိုတဲ့ စာသားကို လိုက် ရှာပါ.. ။။အဲဒါက ညာဘက်မှာ ရှိပါတယ်..


32 bit နဲ့ 64 bit က ပြတဲ့ ပုံချင်း မတူပါဘူး .. ဘာပဲ ဖြစ်ဖြစ်.. အဲဒီ geteuid ကို getppid လို့ ပြောင်းပေးရမှာပါ..

Tab ကီးကို တစ်ချက် နှိပ်ပါ.. ဒါဆို pointer က တစ်ဘက်ကို ရောက်သွားလိမ့်မယ်... အဲဒီမှာ .. အပေါ်က ပြောထားသလို.. geteuid ကို getppid လို့ ပြောင်းပါ..

ပြီးရင် F2 ကို နှိပ်.. နောက်ပီးတော့ Ctrl+x ကို နှိပ်လိုက်ပါ....

မသိသော သူများ ကိုသာ ရည်ရွယ်ပါတယ်.

Credit By http://mmkien.blogspot.com

COMPUTER VIBER မှာမြန်မာစာ မပေါ်သူများအတွက်


အရင်ဆုံး ကွန်ပျူတာမှာသွင်းထားတဲ့ viber အဟောင်းရှိသူများ အရင်ဖြတ်ပါ
ပြီးတာနဲ့
ဒီfont ကို Download ပြီး ဖွင့်လိုက်ပါ Install ပါ

အခု viber ကို install လုပ်ပါမယ်
မှာ Download လိုက်ပါ
Credit by http://pyinmanathar.moreforum.com

Kali ပေါ်ကနေ BIOS Password ကိုRemove လုပ်မယ်



ကျွန်တော်တို့ BIOS Password ဆိုတာကတော့ ကွန်ပျူတာ
တစ်လုံးကို Boot တက်တက်တဲ့အချိန်မှာ ဘယ် Device ကို
အရင် Boot လုပ်မယ်။ ဘယ် Device ကို နော်ကမှ Boot လုပ်
မယ်အပြင် အခြား အခြားသော System Setting များကို သို
လှောင်ထားတဲ့နေရာဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ နေရာကို
ဝင်ရောက်ဖို့အတွက် အချို့ အချို့သော System Administrator
များက ထိုထဲသို့ ၀င်ရောက်လိုလျှင် Password မှန်ကန်စွာရိုက်နိုင်
မှ ၀င်ရောက်နိုင်အောင် ပြုလုပ်ထားကြတာပါ။ Desktop ဆိုရင်တော့
ပြာသနပ် မရှိပါဘူး။ Casing ကို ဖွင့်ပြီး CMOS Battery ကိုဖြုတ်ချင်
ဖြုတ် သို့မဟုတ် CMOS Jumper ကို Clear လုပ်ပေးရုံပါပဲ။ သို့ပေ
သိ အဓိက ပြာသနပ်ကတော့ Laptop မှာဖြစ်ပါတယ်။ အချို့ကတော့
မဖွင့်ရဲတာ၊ အချို့ကတော့ Warantty ပျက်သွားမှာ၊ အချို့ကတော့
CMOS Battery ရှာမတွေ့တာ စသည်တို့ဖြစ်ပါတယ်။ ဘယ်လိုပဲ
ပြဿနာဖြစ်ဖြစ် အခုကျွန်တော်ပြောမယ့်နည်းလမ်းကတော့ လွယ်
ကူစွာနဲ့ ပဲ ဥုံဖွလုပ်ပေးလိုက်သလားမှတ်ရပါမယ်။သင့်စက်ထဲမှာ
Kali မသွင်းထားလည်း ကိစ္စမရှိပါဘူး။ Kali Live CD သို့မဟုတ်
Kali Bootable USB တို့နဲ့လည်း တက်ပြီး ဖျက်နိုင်ပါတယ်။ ကဲ
စလိုက်ရအောင် သင်ဟာ Kali ထဲဝင်သွားပြီလို့ ခံယူလိုက်ပါမယ်။
အရင်ဆုံး Ctrl+Alt+ T ကိုနှိပ်ပြီး root terminal ထဲကို ၀င်လိုက်ပါ
မယ်။ အကယ်လို့ သင်ဟာ Root user မဟုတ်ဘူးဆိုရင်လည်းသိပ်
လျော့မရှိသေးပါဘူး “ #su ” လို့ရိုက်လိုက်ပြီး Password ရိုက်လိုက်
ပါမယ်။ အကယ်လို့ သင်ဟာ root User ဆိုရင်တော့ ဘာမှရိုက်စရာ
မလိုပါဘူး အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။


Terminal ထဲမှာရိုက်ရမယ့် Command ကတော့ အထက်ပါပုံ
အတိုင်းဖြစ်ပါတယ်။ “ #cmospwd “ ဆိုပြီးရိုက်လိုက်တဲ့အခါ
ထို Command ဖြင့် Support လုပ်မယ့် စက်အမျိုးအစားတွေကို
ပြပေးပါမယ်။ ဘာကြောင့်လည်း ဆိုတော့ အချို့ စက်တွေမှာ
BIOS Password ကို နည်းပေါင်းစုံနဲ့ ကျွန်တော် Clear လုပ်ဖူး
ပါတယ်။ လုံးဝမပျက်လို့ပါ။အကြမ်းဖျဉ်းအားဖြင့်တော့ အထက်ပါ
ပုံမှာပြထားတဲ့ စက်အမျိုးအစားတော်တော်များများမှာ ရပါတယ်။
ကဲ နောက်ထပ်ရိုက်ရမယ့် Command ကတော့ ” #cmospwd –k “
ဖြစ်ပါတယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်းဖော်ပြပေးပါလိမ့်


မယ်။ ဒီနေရာမှာ ကျွန်တော်တို့က ရွေးချယ်စရာ Option ၃ ခုဖော်
ပြပေးပါလိမ့်မယ် 1 – Kill cmos , 2 – Kill cmos (try to keep date
And time) , 0 – Abort ဆိုပြီးဖြစ်ပါတယ်။ Option 1 ကတော့ CMOS
ကိုလုံးဝဖျက်ပစ်လိုက်မှာဖြစ်ပြီး အထဲမှာ ချိန်ထားတဲ့ Setting တွေအား
လုံးကပျက်ပျယ်သွားမှာဖြစ်ပြီး ပြန်လည် သတ်မှတ်ရမှာဖြစ်ပါတယ်။ပျက်
ပျယ်သွားတယ်ဆိုလို့လည်း မစိုးရိမ်ပါနဲ့ အဓိကက Date and time တွေ
First Boot , Second Boot Device တွေပဲ ပြန်လည်သတ်မှတ်ပေးရမှာ
ပါ။နံပါတ် ၂ကိုရွေးချယ်ပေးမယ်ဆိုရင်တော့ Password သီးသန့်ပဲဖျက်
မှာဖြစ်ပြီး နံပါတ် ၀ ကိုရွေးပေးမယ်ဆိုရင်တော့ ဆက်လက်မလုပ်ဆောင်
တော့ဘူးလို့သတ်မှတ်တာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Option 1 ကို
ရွေးချယ်လိုက်ပါတယ်။


ပြန်ပို့တဲ့ Message မှာက Cmos ကို ဖျက်လိုက်ပါပြီတဲ့ Date
And Time Setting တွေကိုပြန်လည်သတ်မှတ်ဖို့မမေ့ပါနဲ့
တဲ့ အကယ်လို့ သင်ဟာ Date and Time Setting တွေကို
ပြန်လည်မသတ်မှတ်ပဲ Kali ကိုပြန်တက်မယ်ဆိုရင် GUI Mode
လုံးဝတက်လာမှာမဟုတ်ပဲ CLI Mode ဖြင့်ပဲတက်လာမှာဖြစ်ပါ
တယ်။ အကယ်လို့ Window7 ဖြင့်တက်မယ်ဆိုရင်တော့ ရမှာ
ဖြစ်ပြီး Internet Connection တွေအတွက် အခက်အခဲဖြစ်မှာ
ဖြစ်ပါတယ်။ ဒကြောင့် CMOS ကိုဖျက်ပြီးပြီဆိုရင်တော့ Date
And Time တွေကို အရင်ဆုံး BIOS ထဲဝင်ပြီး သတ်မှတ်ပေး
လိုက်ပါ။ အားလုံး အဆင်ပြေမယ်ထင်ပါတယ်။သြ… ကျန်သေး
တယ် Window ပေါ်ကနေ BIOS Password Clear လုပ်ဖို့က
ကျွန်တော့်ဘလော့လေးထဲမှာ အရင်ကရေးပေးဖူးပါတယ်။ ပြန်
ရှာရမှာ ပျင်းသူတွေအတွက်တော့ အရင်ဆုံး Run Box ထဲကနေ
“cmd” ကို Run as administrator ဖြင့် ၀င်လိုက်ပြီးရိုက်ရမှာက
အရင်ဆုံး >debug လိုက်ရိုက်ပြီးအောက်ကဟာလေးတွေ
_o 70 2e
_o 71 ff
_q
လို့ရိုက်ရမှာဖြစ်ပါတယ်။ အောက်ကပုံအတိုင်းပေါ့ o= အင်္ဂလိပ်အက္ခရာအို ပါ
အောက်ကပုံအတိုင်းပေါ့…



ref : http://uzarnitech.blogspot.com/

CPU တွေဘယ်လို အလုပ်လုပ်သလဲ

loading
CPU တွေဘယ်လို အလုပ်လုပ်သလဲ

ကျေးဇူးပြုပီး ဒီ Post ကို ဖတ်တဲ့ အခါ PDF ဖိုင် အနေနဲ့ ဒေါင်းပီးဖတ်ပါ၊ ဒီပိုစ့် ကို သေချာနားလည်ဖို့ အတွက် ဓါတ်ပုံ နဲ့ အသေးစိတ်ရှင်းခဲ့ရပါတယ်၊ အခု Post တင်တော့ ဓါတ်ပုံ တစ်ပံပဲ တင်လို့ရလို့ Post ချည်း ဆို နားလည်ရခက်သွားနိုင်ပါတယ်၊ ဒီပိုစ်ကို ဖတ်ဖြစ်အောင် ဖတ်ပေးပါ မိတ်ဆွေတို့ အချိန် အလကား မဖြစ်စေရပါဘူး၊
CPU ရဲ့ မူရင်း စာလုံးက တော့ Central Processing Unit ဖြစ်ပါတယ်၊ သူ့ကို ကွန်ပြူတာ ဦးနောက်လို့လဲ အဓိပါယ် ဖွင့်ဆိုကြပါတယ်၊ CPU ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို သိရင် ကွန်ပြူတာ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာကို လဲ ကောင်းကောင်း သဘောပေါက်သွားမှာပါ၊
အခု CPU ကို ရဲ့ အဖုန်းကို ဖွင့်ကြည့်ရအောင်


အထက်က ပုံကတော့ CPU ရဲ့ အဖုန်းကို ခွါလိုက်ရင် အတွင်းပိုင်းကို မြင်ရမယ့်ပုံပါ၊ အခု ပုံကြီးချဲ့လိုက်မယ်၊ နည်းနည်းပိုမြင်နိုင်အောင်လို့

CPU အထဲမှာ ၀ါယာ အမျိုးမျိုး က သတင်းအချက်အလက်တွေ သယ်ယူပို့ဆောင်တဲ့ အလုပ်ကိုလုပ်နေပါတယ်၊ အခု Post မှာ ရှင်းပြဖို့ အသုံးပြုသွားမယ့် CPU ကတော့ 65-02 လို့ခေါ်ပါတယ်၊ ဒီ CPU အမျိုးအစားကို Apple အပါအ၀င် ကွန်ပြူတာတွေအများစု မှာ အသုံးပြုကြပါတယ်၊ Original Naintainent System မှာလဲ ဒီ CPU ကိုပဲသုံးပါတယ်၊ ဒီ CPU ကိုရဲ့ အသေးစိတ် ဖြုတ်တပ်နည်းကိုသိချင်ရင်တော့ Virsual6502.org ၀က်ဆိုက်မှာ သွားရောက်ကြည့်ရူ့နိုင်ပါတယ်၊ ဘယ် CPU မှာ မဆို CPU အတွင်း လုပ်နေတဲ့အလုပ်တွေကို အခြေအနေမှန်မှန်နဲ့ တည်ငြိမ်စွာ Data သယ်ဆောင်မူ လုပ်ဖို့ အတွက် တိကျတဲ့ အချိန် အတိုင်း အတာ တစ်ခုတိုင်းမှာ ဖွင့်လိုက် ပိတ်လိုက် အလုပ်လုပ်နေတဲ့ ၀ါယာတစ်ချောင်းရှိပါတယ်၊ အဲ့ဒီ့ ၀ါယာကပဲ CPU အတွင်း လုပ်ဆောင်မူတွေကို မျှတစေပါတယ်၊ အဲ့ဒီ့ ၀ါယာကို Clock လို့ခေါ်ပါတယ်၊ Disimulation မှာ တစ်စက္ကန့်ကို Clock က နှစ်ကြိမ်ဖွင့် ပီး နှစ်ကြိမ်ပိတ်ပါတယ်၊ နောက်ပိုင်းပေါ်တဲ့ CPU တွေမှာတော့ Clock ရဲ့ အလုပ်လုပ်နှုန်းကို GHz (GigaHertz) နဲ့ တိုင်းတာပါတယ်၊ Giga ကတော့ 1 billion ကို ညွန်းပီးတော့ Hz Hertz ကတော့ တစ်စက္ကန့် အတွင်း ဘယ်နှစ်ကြိမ်အလုပ်လုပ်လဲကိုညွန်းပါတယ်၊ ဒီတော့ အခုခါတ် CPU တွေက တစက္ကန့်ကို အကြိပ် ရေး Billion အတော်များများ ဖွင့် လိုက် ပိတ်လိုက်ဖြစ်နေပါတယ်၊ ဒီလို တစ်စက္ကန့်မှာ Billions အတော်များများ ဖွင့် ပိတ်နိုင်ခြင်းကပဲ CPU ရဲ့ တွက်ချက် အလုပ်လုပ်နိုင်မူ စွမ်းအားဖြစ်ပီး CPU ကို အလွန် ရှုတ်ထွေးတဲ့ တွက်ချက်မူတွေကို လုပ်ကိုင်နိုင်စေပါတယ်၊
ဒါပေမယ့် Clock ပွင့် တဲ့ အချိန်မှာ CPU ရဲ့ အလုပ်လုပ်ပုံကတော့ လူတွေထင်ထားသလို ရှုပ်ထွေးတာ မဟုတ်ပဲ ရိုးရိုး ရှင်းရှင်းလေးပဲ အလုပ်လုပ်သွားတာပါ၊ အဲ့ဒီ့ အလုပ်လုပ်ပုံကိုပဲ ဒီ Post မှာလေ့လာသွားမှာပါ၊
CPU ကို အထူးထုတ်လုပ်တဲ့ ကုမ္မဏီ နှစ်ခုကတော့ Intel နဲ့ AMD တို့ဖြစ်ပါတယ်၊ ဒီမှာ အသေးစိတ်လေ့လာသွားမယ့် CPU ရဲ့နာမည်ကိုတော့ Scott CPU လို့ခေါ်ပါတယ်၊ တကယ်တော့ Scott CPU ဆိုတာ အပြင်မှာတကယ် မရှိပါဘူး၊ လေ့လာသူတွေအတွက် အဆင်ပြေအောင် Clerk Scott က သူ့ရဲ့ “But How to it Know” ဆိုတဲ့စာအုပ်မှာ တည်ဆောက်ပြထားတဲ့ စာအုပ်ထဲက လေ့လာရေး CPU သာဖြစ်ပါတယ်၊ Scott CPU ရဲ့ ဒီဇိုင်းက Clerk Scott ရဲ့ Copyright ဖြစ်ပီး Youtube Master က ရှင်းပြလို သူရှင်းပြတဲ့ အတိုင်း ဒီ Post မှာ ပြန်ဖော်တာပါ၊ Hotdoitknow.com ၀က်ဆိုက်မှာ ဒီစာအုပ်ကိုဝယ်ဖက်နိုင်ပါတယ်၊ ဒီစာအုပ်ကတော့ တကယ့်ကို ဂျွတ်လှပါတယ်၊ အသေးစိတ်ကို တဆင့်စီ ဖြေးဖြေး ရှင်းသွားပီး

ဖတ်ရူ့သူကို ခက်ခဲစေမယ့် ဘယ်လို Techical Jarcon (နည်းပညာသုံးသီးသန့်စာလုံး) တွေမပါပါဘူး၊

အခု CPU ကိုပြောင်းပြန်လှန်ပီးအောက်ပိုင်းကို တစ်ချက်ကြည့်ကြမယ်၊

Pins တွေအတော်များများ အပြင်ထွက်နေတာကို တွေ့ရပါမယ် ၊ အဲ့ဒီ့ Pin တွေကပဲ သတင်းအချက်အလက်တွေကို CPU ထဲကို ပို့ပီး အဲ့ဒီ့ Pin တွေကပဲ အချက်အလက်တွေကို CPU ကနေ အပြင်ကို ပြန်ထုတ်ပေးပါတယ်၊ ဒီ Pin တွေက သတင်းအချက်အလက်တွေအတွက် CPU ထဲကို ၀င်မယ့် ၀င်ပေါက် ထွက်ပေါက်တွေပေါ့၊ CPU ကို Mother Board ထဲမှာ စိုက်ထည့်ထားပါတယ်၊ အောက်က အတိုင်းပေါ့၊
MotherBoard ကတော့ ကွန်ပြူတာရဲ့ Components တွေအားလုံးကို တပ်ဆင်ပီး အားလုံး အချိတ်အဆက်မိစေတဲ့ Circus Board တစ်ခုဖြစ်ပါတယ်၊ အထက်က ပုံက CPU အဖုံးကို ဖွင့်ထားတဲ့ ပုံပါ အခု ပြန်ပိတ်လိုက်ကြပီး MotherBoard ထဲပြန်ထည့်ကြမယ်၊ အောက်က အတိုင်း
အထက်ကပုံရဲ့ ညာဘက်မှာတော့ RAM ထည့်မယ့် Socket ပေါက်ကိုတွေ့ရပါမယ်၊ RAM ကတော့ Random Access Memory ရဲ့ အတိုကောက်ပါ၊ CPU ကနေ တွက်ချက် အလုပ်လုပ်လို့ရတဲ့ Data တွေအားလုံးကို RAM ကိုလှမ်းပို့ပီး RAM ထဲမှာ သိုလှောင်ထားပါတယ်၊ ဒီနေရာမှာ RAM နဲ့ CPU တို့ ဘယ်လို တွဲဖက်ပီး အလုပ်လုပ်လဲ သိဖို့လိုအပ်တဲ့ အတွက် RAM ဘယ်လို အလုပ်လုပ်လဲဆိုတာကိုလဲ လေ့လာရမယ်၊ အခု အထက်က ပုံရဲ့ ဘယ်ဘက်က မလိုအပ်တဲ့ Wire အစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပီး RAM Chips ပါပါဝင်မယ့် ပုံကို ကြည့်ကြမယ်၊
RAM ထဲမှာ Address လို့ခေါ်တဲ့ လိပ်စာတွေအများကြီးထည့်ထားတဲ့ စာရင်းပါပါတယ်၊ Address တစ်ခုစီက Data အစိတ်အပိုင်းတစ်ခုကိုညွန်းပါတယ်၊ အောက်က ပုံမှာ Addresses ကော Data တွေကိုပါ သရုပ်ဖော်ပြထားတယ်၊
CPU က RAM ထဲက Data တစ်ခုစီကို Request (တောင်းယူ) ပီးတော့ အလုပ်လုပ်ပါတယ်၊ Data တစ်ခု တောင်းယူ အလုပ်လုပ်ပီး နောက်တစ်ခု လုပ်တယ် နောက်တစ်ခုပီး နောက်တစ်ခု အလုပ်လုပ်တယ် စသဖြင့် တစ်ခုပီးနောက်တစ်ခု အစီအစဉ်အလိုက် အလုပ်လုပ်သွားတယ်၊ အစီအစဉ်တစ်ကျ အလုပ်လုပ် ဆိုပေမယ့် အမြဲ တမ်းတော့ အစီအစဉ်တစ်ကျ အလုပ်လုပ်နေမှာ မဟုတ်ပါဘူး၊ CPU ကို အစီအစဉ်တစ်ကျမဟုတ်ပဲ RAM ကနေ Data တွေကို တောင်းယူ အလုပ်လုပ်အောင် ညွန်ကြားနိုင်ပါတယ်၊ RAM က လဲ ဒီလို အစီအစဉ်မကျတဲ့ Request (တောင်းဆိုမူ) မျိုးကို လဲ လက်ခံနိုင်ပါတယ်၊ ဒါ့ကြောင့်ပဲ သူ့ကို Random Access Memory လို့ခေါ်တာပါ၊ ဒီတော့ CPU အနေနဲ့ ပုံမှန်အတိုင်းဆိုရင် RAM ထဲက ဒေတာတွေကို အစီအစဉ်အလိုက် တောင်းယူ အလုပ်လုပ်တယ်ဆိုပေမယ့် လိုအပ်လာရင် အစီအစဉ်မကျတဲ့ ပုံစံနဲ့ စိတ်ကြိုက် Data ကို တောင်းယူ အလုပ်လုပ်နိုင်တယ်ဆိုတာကိုလဲ သဘောပေါက်သင့်ပါတယ်၊
Computer က Program တစ်ခုကိုစ Run ပီဆိုတာနဲ့ CPU က RAM ဆီကနေ အလုပ်လုပ်လိုတဲ့ Program ကို တောင်းတဲ့ Request ကို တောင်းဆိုလိုက်ပါတယ်၊

RAM address မှာ တော့ 0 နဲ့ 1 တွေသာပါဝင်တဲ့ ဂဏန်းတွေတန်းစီထားပါတယ်၊ အဲ့ဒီ့ဂဏန်းတစ်ခုစီက တွေ On မလား Off မလား ဆိုတဲ့ အမိန့်ကို ကိုစားပြုပါတယ်၊ RAM မှာ Address တွေမရှိရင် RAM ကလဲ ဘာမှလုပ်နိုင်တော့ မှာမဟုတ်ပါဘူး၊ RAM အလုပ်လုပ်ဖို့ဆို CPU ကလဲ Enable Wire ကို On ပေးရပါတယ်၊ အောက်က ပုံမှာ Enable Wire On နေတာကို ကြည်ပါ၊ (မျက်စိရှင်ရှင်ထား)
အကယ်၍ Address လဲရှိမယ် Enable Wire ကလဲ On နေမယ်ဆိုရင်တော့ RAM က CPU ကတောင်း ဆိုထားတဲ့ Address မှာရှိတဲ့ Data ကို CPU ကိုပြန်ပို့ပေးပါတယ်၊ ဒီလို Data ပြန်ရပီဆိုရင်တော့ CPU က အဲ့ဒီ့ ဒေတာကို ကို အလုပ်စလုပ်တော့တယ်၊ အလုပ်လုပ်လို့ပီးသွားရင် CPU က RAM ဆီကို နောက်ထက် Address တစ်ခု ပြန်ပို့မယ်၊ Enable Wire ကို On လိုက်မယ်၊ ဒါဆိုရင် RAM က နောက်ထက် Data တစ်ခုကို CPU ကို ဆက်ပို့ပေးမယ်၊ CPU က လုပ်ဆောင်ချက်တွေလုပ်မယ်၊ ပီးရင် Address အသစ်ကို RAM ကို ပြန်ပေးမယ်၊ စသဖြင့် အလုပ် Data ပို့လိုက် ယူလိုက်နဲ့ ဆက်တိုက် အလုပ်လုပ်သွားမယ်၊ ဒီဖြစ်စဉ်က ကွန်ပြူတာမှာ အမြဲ ဖြစ်နေ တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်၊
အထက်က ဖြစ်စဉ်က CPU Data Processing လုပ်တဲ့ဖြစ်စဉ်ပါ၊ တကယ်၍ CPU က Data တစ်ခုကို အလုပ်လုပ်ပီးသွားလို့ အဲ့ဒီ့ အလုပ်နဲ့ ပက်သက်တဲ့ Data ကို သိမ်းဖို့ပါလိုလာပီဆိုရင်တော့ အထက်က နည်း အတိုင်း Address သာလျှင် RAM ကို ပြန်ပေးတာမဟုတ်တော့ပဲနဲ့ Address ကော Data ကော ကိုပြန်ပေးတယ်၊ Address ကို Address Bus ကနေ ပြန်ပေးတယ်၊ Data ကို Data Bus ကနေ ပြန်ပေးတယ်၊ ဒီလို Address ကော Data ကော ပြန်ပေးတဲ့အခါ Set Wire ကိုလဲ On ထားပါတယ်၊ ဒါဆိုရင်တော့ CPU ကပြန်ပေးလိုက်တဲ့ Data ကို RAM က ပြန်ပေးလိုက်တဲ့ Address အတိုင်း ရှိရင်းစွဲ Data ကို Override လုပ်ပစ်ပီးသိမ်းလိုက်ပါတယ်၊
RAM ထဲမှာ ရှိတဲ့ 0 တွေ 1 တွေက တကယ်တော့ မတူညီတဲ့ အချက်အလက်တွေကို ကိုယ်စားပြုပါတယ်၊ အရေး အကြီးဆုံး အချက်ကတော့ Instructions (ညွန်ကြားချက်တွေ) ပါ၊ Instructions တွေက CPU ကို ဘာအလုပ်ကို လုပ်မလဲ ဆိုတာကိုညွန်ကြားပေးတယ်၊ အောက် အနီရောင်မြားပြထားတဲ့ အနီရောင်မျဉ်းတန်း တွေအားလုံး က ညွန်ကြားချက် (Instruction) တွေပါ၊

Data တွေထဲမှာ Numbers တွေလဲပါပါတယ်၊ ဒီ Numbers တွေက Compare(နိုင်ယှဉ်ဖို့) Add (ပေါင်းဖို့) စသဖြင့် လုပ်ချင်တဲ့အလုပ်ကိုလုပ်နိုင်ဖို့ပါ၊
RAM ထဲမှာ Addresses တွေလဲပါပါသေးတယ်၊ Address တွေက ညွန်းတဲ့ Data တွေထဲမှာ Address တွေကို ပြန်သိမ်းထားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်ချင်စရာ ဖြစ်သွားမယ်၊ ဒါပေမယ့် ဒီ Address တွေကလဲ အသုံးဝင်လှသလို လိုအပ်တဲ့ အချက်တွေမျိုးစုံကို သိုလှာင်ထားနိုင်ပါတယ်၊
ဥပမာ OutPut Device တစ်ခုစီကို Data ကို ထုတ်ပေးချင်တယ်ဆိုပါစို့ ၊ ဒါဆိုရင် ကွန်ပြူတာထဲမှာရှိတဲ့ အဲ့ဒီ့ Device ရဲ့ Address ကို သိဖို့လိုပါတယ်၊ ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတဲ့ဖုန်းကို Data Output လုပ်ပေးချင်ရင် ကွန်ပြူတာနဲ့ ချိတ်ဆက်တာနဲ့ ဖုန်းကို Register လုပ်ထားတဲ့ Address ကိုသိဖို့လိုပါတယ်၊
RAM ထဲမှာ Latter တွေကိုလဲ သိုလှောင်ပါသေးတယ်၊ အကယ်၍ Monitor Screen ပေါ်ကို စာသားတွေ Output လုပ်ချင်တယ်ဆိုရင် အဲ့ဒီ့ Output လုပ်လိုတဲ့ Data တွေကို 1 နဲ့ 0 တွေသုံးပီး RAM ထဲမှာသိုလှောင်ထားပါတယ်၊ စာသားတစ်လုံးစီကို သက်ဆိုင်ရာ Character Code အလိုက် 1 နဲ့ 0 တွေပေါင်းထားတဲ့ သီးသန့်အုပ်စု အနေနဲ့ သိုလှောင်တယ်၊ Character Code တွေကတော့ Obitary တွေဖြစ်ပါတယ်၊ ဥပမာ 01100001 က a အက္ခရာ အသေး 01000111 က G အက္ခရာ ဆိုပီး သတ်မှတ်တာပါ၊

အထက်က ဖော်ပြခဲ့တဲ့ Instruction,Number,Address,Letter တွေကတော့ RAM ထဲ က Data အနေနဲ့ ထည့်သွင်းသိမ်းဆည်းတဲ့ Data တွေဖြစ်ပါတယ်၊
အခု CPU ရဲ့ Instruction Set ကို တစ်ချက်ကြည့်ကြမယ်၊


RAM ရဲ့ Data တွေထဲမှာ Instrucion တွေပါတာကို သိနေလောက်ပါပီ၊ အဲ့ဒီ့ Instruction တွေ ဘယ်လောက် အထိ အရေးကြီးလဲ ဆိုတာလဲ ပြောခဲ့ပီးပါဘူး၊ အထက်က ပုံကတော့ အသုံးများတဲ့ Instructions တွေကို ဖော်ပြထားတဲ့ပုံပါ၊ ဒါအကုန်တော့မဟုတ်သေးဘူး၊ အသုံးအများဆုံးလို့ပဲပြောတာပါ၊ အခု အဲ့ဒီ့ Instruction တွေကို တစ်ခုစီရှင်းမယ်၊
LOAD : : Load Instruction ကတော့ RAM ကနေ ဂဏန်းတန်ဖိုး တစ်ခုကို CPU ထဲကို ၀န်တင်တဲ့ အခါ မှာ သုံးတဲ့ Instruction ပါ၊
ADD : : Add Instruction ကတော့ ဂဏန်း တန်ဖိုး နှစ်ခုကို ပေါင်းဖို့ အတွက် သုံးတဲ့ Instruction ပါ၊
STORE: : Store Instruction ကတော့ Add Instruction ညွန်ကြားချက်အတိုင်း ပေါင်းလို့ရလာတဲ့ Data ကို CPU က နေပြန်ပို့တဲ့အခါမှာ RAM မှာ ပြန်သိမ်းဖို့ အတွက်သုံးပါတယ်၊
COMPARE : : Compare Instruction ကတော့ ဂဏန်းတန်ဖိုး နှစ်ခုမှာ ဘယ်တစ်ခုပိုကြီးလဲနဲ့ သူတို့ တန်ဖိုး တူမတူ စစ်လိုတဲ့အခါသုံးပါတယ်၊ Compare Instruction က JUMP IF Instruction နဲ့ အများစု တွဲသုံးပါတယ်၊
JUMP IF : : JUMP IF Instruction ကိုတော့ အကယ်၍ စစ်ဆေးတဲ့ အခြေအနေတစ်ခုက မှန်ရင် Address A ကိုသွားမယ် မှား ရင် ဘာမှမလုပ်ဘူး စသဖြင့် အခြေအနေကိုစစ်ဆေးပီး Address ကို Randomly ပြောင်းချင်တဲ့အခါမှာ သုံးပါတယ်၊
JUMP : : Jump ကတော့ RAM ထဲက Address တွေကို အစီအစဉ် မကျတဲ့ ပုံနဲ့ စိတ်ကြိုက် ရွေးချယ်လို တဲ့အခါမှာသုံးတယ်၊
OUT : : Out Instruction ကတော့ Data တွေကို Monitor သို့ အခြား External Devices တွေကို Output ထုတ်လိုတဲ့အခါသုံးပါတယ်၊
IN : : IN Instruction ကိုတော့ Keybaord လိုမျိုး External Device ကနေ Data ထည့်သွင်းတာကို လက်ခံ တဲ့ အခြေအနေမျိုးမှာသုံးပါတယ်၊
အထက်က အချက်တွေကို သင်သေပြဖို့ အတွက် Gussing Program
လေးတစ်ခုကို တည်ဆောက်ကြည့်ပါမယ်၊ အောက်က ပုံကိုသေချာကြည့်ပါ မျက်စီကို ရှင်ရှင်ထားဖို့လိုမယ်၊

အထက်မှာ Load Instruction ကိုသုံးပီး 9 ကို CPU ထဲကို ၀န်တင်လိုက်ပါတယ်၊ Programmer က အဲ့ဒီ့ Number ကို CPU ထဲမှ ထားပီး Program အသုံးပြုသူကို နံပါတ်ဘယ်လောက်လဲ ခန့်မှန်းခိုင်ပါမယ်၊ ဒါဆို Program အသုံးပြုသူက ခန့်မှန်းပီး သူထင်တဲ့ ဂဏန်းတန်ဖိုးကိုရိုက်ထည့် လိမ့်မယ်၊ အဲ့ဒီ့ အသုံးပြုသူ ရိုက်ထည့်တဲ့ တန်ဖိုး ကို IN instruction နဲ့ ဖမ်းမယ်၊ Input Device က Keyboard ဖြစ်တဲ့ အတွက် Keyboard Address အတိုင်းဖမ်းမယ်၊ ပီးရင် CPU ထဲမှာ Hold လုပ်ထားတဲ့ နံပါတ်နဲ့ Compare Instruction သုံးပီး နိုင်းယှဉ်မယ်၊ မှန်ရင် JUMP IF = Instruction ကိုသုံးပီး အောက်က Memory Address ကိုသွားခိုင်းမယ်၊ မှားခဲ့ရင် မှားခဲ့ကြောင်း OUT Instruction ကိုသုံးပီး Output Device ဖြစ်တဲ့ Monitor ကို Letter “G” ကို Output ထုတ်ပေးမယ်၊ ပီးရင် JUMP Instruction ကိုသုံးပီး အထက်က In Instruction ကို ပြန်သွားပီး နောက်တစ်ကြိမ် ထပ်ကြိုးစားခိုင်းမယ်၊ မမှန်မခြင်း ဒီ Process ကို ဆက်တိုက် ဖြစ်နေအောင် Program ကိုရေးသားထားနိုင်ပါတယ်၊
သေချာလေ့လာကြည့်ပါ၊ Instructions တွေ အားလုံးကိုသေချာ အသုံးပြုပြသွားတာပါ၊ Ourput နဲ့ Input Devices တွေအပါအ၀င် JUMF IF Instruction ကိုသုံးပီး မှန်ရင် Memory Address တစ်ခုကို Randomly သွားလိုက်တာကိုလဲ တွေ့ရမှာပါ၊ (နားလည်အောင် သေချာ ဖတ်ပါ)၊

အိုကေ RAM ကဏ္ဍပီးရင် RAM ကပေးတဲ့ Instruction တစ်ခုရတိုင်းရတိုင်း CPU က Instruction တွေကို ဘယ်လို အလုပ်လုပ်လဲကြည့်ရအောင်
သုံးထားတဲ့ CPU 65-02 ရဲ့ Wiring နဲ့ Scoot CPU တို့ကို သေချာ လေ့လာကြည့်ရမှာပါ၊ (အထက်ကမှာ CPU ဖွင့်ထားတဲ့ပုံကိုပြခဲ့ပီးဖြစ်တဲ့ အတွက် နောက်တစ်ကြိမ်မပြတော့ဘူး)၊
CPU မှာ Components တွေအများကြီးပါတယ်၊ အရင်ဆုံး စတင်လေ့လာသွားမှာက Control Unit ဆိုတဲ့ Component ပါ၊ သူကတော့ တပ်တစ်ခုက အရာရှိနဲ့တူပါတယ်၊

Control Unit က RAM ကနေ ပီးတော့ အမိန့်ကို Instruction တစ်ခု အနေနဲ့ လက်ခံပါတယ်၊ လက်ခံရရှိလာတဲ့ Instruction ကို အခြား Components တွေအတွက် သက်ဆိုင်ရာ Commands တွေ အလုပ်တွေအလုက် ခွဲခြမ်းစိတ်ဖြာလိုက်ပါတယ်၊ Control Unit အောက်မှာရှိတဲ့ အရေးအကြီးဆုံး Command တစ်ခုကတော့ Arithmetic Logic Unit ဖြစ်ပါတယ်၊ အတိုကောက် ALU လို့ခေါ်ပါတယ်၊
ALU လို့လဲအတိုကောက် ခေါ်တဲ့ Arithmetic Login Unit ကတော့ CPU ထဲမှာ Arithetic နဲ့ ပက်သတ်သမျှ အလုပ်တွေ ဖြစ်တဲ့ Adding(ပေါင်းခြင်း) Substraction (နုတ်ခြင်း) Comparing (နိုင်ယှဉ်ခြင်း) တွေအားလုံးကို လုပ်နိုင်ပါတယ်၊
ALU မှာ Input နှစ်ခုရှိပါတယ်၊ Input A နဲ့ Input B လို့ပဲ ဆိုကြပါစို့၊

ဆိုကြပါစို့ ရှေ့က ၀န်တင်ခဲ့တဲ့ညွန်ကြားချက်မှာ ဂဏန်း နှဏ်ခုပါတယ်ဆိုပါစို့၊ အဲ့ဒီ့ ဂဏန်း နှစ်ခုကိုလဲပေါင်းချင်တယ်၊ ဒါဆိုရင် အဲ့ဒီ့ ဂဏန်း နှစ်ခုကိုပေါင်းမယ့် ညွန်ကြားချက်ကို Control Unit က RAM ကနေ လက်ခံရရှိလာပီး ALU ကို ဘယ်လို အလုပ်ကိုလုပ်ဆောင်ရမလဲ ဆိုတဲ့ ညွန်ကြားချက်ကို ပို့ပေးတယ်၊
ALU က လဲ Control Unit ကနေ လက်ခံရရှိတဲ့ ညွန်ကြားချက်ကအတိုင်း အလုပ်လုပ်ပီး အဖြေကို Output လုပ်ပေးပါတယ်၊
တစ်ခါတစ်ရံမှာတော့ရရှိလာတဲ့ညွန်ကြားချက်ပေါ်မူတည်ပီး ALU ရဲ့ Output ကို ဘာမှဆက်မလုပ်ပဲ ဥပက္ခာပြုထားရတာရှိပါတယ်၊
မနက်ဖြန်ဆက်ရေးမယ်
အောက်က လင့်မှာ PDF ဖိုင်ကို ဒေါင်းလုပ်ရယူပါ၊
REF - KyawZayarMin.com


All Android Drivers

1323358501
ဖုန်းတွေကို PC ပေါ်မှ Firmware တင်တာပဲဖြစ်ဖြစ် Root လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် …. PC နဲ့ဖုန်းနဲ့ ချိတ်ဆက်လျှင် Driver များတောင်းလေ့ရှီပါတယ် … တစ်နေရာထဲမှာ Android ဖုန်း Drivers အမျိုးအစားပေါင်း (၂၆) မျိုး Download ရယူနိုင်အောင် စီစဉ်တင်ဆက်ပေးလိုက်ပါတယ် …
1. Google Nexus Driver
2. Samsung
3. Sony
4. HTC
5. LG
6. Motorola
7. Asus
8. Huawei
9. ZTE
10. Acer
11. Alcatel One Touch
12. Dell
13. Foxconn
14. Fujitso
15. Garmin-Asus
16. Hisense
17. Intel
18. KT Tech
19. Kyocera
20. Lenovo
21. Pantech
22. Pegatron
23. Sharp
24. Sk Telesys
25. Teleepoch
26. Yulong Coolpad

Sharing – Thaw Tar

Virus အနွယ်ဝင် အမျိုးအစားများ


လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။တကယ်တော့ Virus အနွယ်ဝင် အမျိုး အစား များရှိနေပါတယ်။အဲဒါတွေအကြောင်းရှင်းလင်းပြထားတဲ့ မေးလ်တစ်ခု ရောက်ရှိလာတာကြောင့်
ပြန် လည် ဖော်ပြလိုက်ရပါတယ်။မူလရေးသားသူ ဆရာမျိုးသူရနှင့် ပြုစုပေးသူအားအထူးကျေးဇူးတင်ရှိ ပါတယ်။

၁။Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) fileတစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေ တစ်ခုကိုပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူ တွေမှာ Virus ကူးသလိုပဲပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင်နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user dataတွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကိုဖျက်ဆီး မယ်... စတာတွေကို လုပ်ဆောင်ပါတယ်..


ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ..chrome.exe, system.bat , flashy.com (http://flashy.com/) စသဖြင့်ပေါ့.. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှသွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး...ဒါကြောင့်  မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည်မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...for wardE-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Fullsharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်းမသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ ..စသဖြင့်ပေါ့...ဗျာ

၂။Malware

 

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီးကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိMalware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ singlecomputer / server / computer network ထဲ ၀င်ပြီးကွန်ပျူတာ Systemပျက်ဆီးစေ နိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits,spyware, dishonest adware, crimeware and other malicious and unwantedsoftware တွေပါဝင်လေ့ရှိပါတယ်..

၃။worm

 

 worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါ ပဲ.. virus တစ်ခုရဲ့Sub-class လို့လည်းခေါ် လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါ တယ် ...သူ့ပါသူ ဖြန့်နိုင်တဲ့စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလိုအယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊Hard disk ရဲ့ used space ကိုများလာစေတယ် ..Computer ရဲ့ System memoryusage တွေ များလာစေတယ်.. networkbandwidth တွေကိုတက် လာစေတယ်... Runထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက
အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ RegistryကီးHKEY_LOCAL_MACHINE\SOFTWARE\Mi crosoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe
ဆိုတာက တော့ နာမည်တူပေးထားတာပေါ့Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေကကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..