ဝန်ဇင်း Mobile Application ထွက်ရှိ


ဝန်ဇင်း အမည်ရှိ Book Reader Application ကို Bagan Innovation Technology မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ Version 1 အနေဖြင့် စတင်ထွက်ရှိပြီး ပါဝင်သော Function များအနေဖြင့်

    - မိမိကိုယ်ပိုင် ၀န်ဇင်းအကောင့်ဆောက်လုပ်ခြင်း – စာအုပ်များကို အမြည်း သဘောမျိုး Download ပြုလုပ်ဖတ်ရှုနိုင်ခြင်း
    - မိမိကြိုက်မှ ၀ယ်ယူဖတ်ရှုနိုင်ခြင်း
    - Free စာအုပ်များလဲပါရှိခြင်း
    - အကောင့်ကို ငွေဖြည့်သွင်းရာတွင် MPT ဖုန်းဘေလ်ဖြင့်လည်းကောင်း၊ Visa/Master ကတ်များဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အသုံးများသော 123 ငွေပေးချေမှု စနစ်ဖြင့်လည်းကောင်း ဖြည့်သွင်းနိုင်ခြင်း တို့ပြုလုပ်နိုင်ပါသည်။
ဝန်ဇင်း Application ရှိ စာအုပ်များမှာ မူလစာရေးဆရာများ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးခြင်းဖြစ်ရာ ၀ယ်ယူအားပေးခြင်းဖြင့် မိမိတို့ နှစ်သက်သောစာရေးဆရာများကို အားပေးရာရောက်ပါသည်။ စာအုပ်များကို PDF မဟုတ်ပဲ E-pub များဖြင့် ပြုလုပ်ထားခြင်းကြောင့် စာအုပ် တစ်အုပ်လျှင် 400 KB မှ 2MB အထိသာ ရှိသောကြောင့် Download ပြုလုပ်ရ လွယ်ကူပါသည်။ ၀တ္ထုတို၊ အတ္ထုပ္ပတိ၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေ နှင့် အခြား စာအုပ် Category များစွာပါဝင်ပါသည်။ အကောင့် တစ်ခုလျှင် မိမိ Device နှစ်ခုအထိ အသုံးပြုနိုင်ပါသည်။ တစ်ပတ်လျှင် စာအုပ် ၄၀ ခန့် အသစ်ထွက်ပြီး လက်ရှိပါဝင်သော စာရေးဆရာများအဖြစ် ဆရာ ချစ်ဦးညို ၊ မိုးမိုး (အင်းလျား)၊ နိုင်းနိုင်းစနေ၊ အကြည်တော်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာကြီး မြသန်းတင့် ၊ လင်းသိုက်ညွှန့်၊ မင်းသိင်္ခ ၊ ရွှေဥဒေါင်း နှင့် အရိုး တို့အပြင် အခြား စာရေးဆရာများစွာ၏ စာအုပ်များပါဝင်သောကြောင့် စမ်းသုံးကြည့်သင့်သော Application ဖြစ်ပါသည်။ Download @




0 comments:

Post a Comment